ထန်းတပင် သြဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး ၊တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေး ခြင်းကို သီရီမင်္ဂလာခန်းမတွင် ယနေ့ နံနက်( ၈ ) နာရီအချိန်က ထိုးနှံပေးခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းခြင်း သွေးအ တွင်းအောက်စီဂျင် ပါဝင်မှုပမာဏ တိုင်းတာခြင်း သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပရဟိတများနှင့် ပညာရေးမိသားစု လူဦးရေ စုစုပေါင်း (၈၀ )ဦးတို့အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာ၌ ဦးတည်အုပ်စု များအဖြစ် ဆရာတော် သံဃာတော်များ ၊ သီလရှင်များ ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ အသက် (၆၅ ) နှစ်အထက် သက်ကြီးရွယ်အိုများ ၊ ပုဂ္ဂလိက စက်ရုံ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ လူမှုကူညီရေး အသင်းအဖွဲ့များကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် စေတနာဝန်ထမ်းများ ကျန်းမာရေးအဖွဲ့များ အပါအဝင် ပထမအကြိမ်ကာကွယ်ဆေးထိုးထားရှိပြီး အဆိုပါ ထိုးနှံပြီးစီးသူများအား သတ်မှတ်ရက်၌ ဒုတိယအကြိမ်ကာကွယ်ဆေးထမ်မံ ထိုးနှံပေးခြင်းများအား ဆက်လက်ဆောင်ရွက်သွား မည်ဖြစ် ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။