ကျေးရွာနေပြည်သူများ စုပေါင်း၍ အခြေခံလူတန်းစားများကို ပြန်လည်ထောက်ပံကူညီလျက်ရှိ

 

 

ပုသိမ် သြဂုတ် ၁၇

 

ပုသိမ်မြို့နယ် ၊ပေါက်ကုန်းအုပ်စု၊ အုတ်စီကုန်းကျေးရွာရှိ ကိုချစ်ဦးခေါင်းဆောင်သည့် လူငယ် များအဖွဲ့မှ ယနေ့ နံနက်ပိုင်းအချိန်က ပုသိမ်မြို့နယ် ပေါက်ကုန်းကျေးရွာ၊ အုတ်စီကုန်းကျေးရွာနှင့် အမှတ်- ၁၂ နယ်မြေများမှ အခြေခံလက်လုပ်လက်စားအိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ကြက်သွန်စသောပစ္စည်းများကို ကျေးရွာအတွင်းရှိ အလှူရှင်များမှ စုပေါင်းလှူဒါန်းကြပြီး၊ ကျေးရွာရှိလူငယ်အဖွဲ့များက လုပ်အားဒါနအဖြစ် ဆောင်ရွက်လျက်ရှိကြသည်။

 

ယခုကာလသည် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားလျက်ရှိသည့် ကာလဖြစ်သည့်အား လျှော်စွာ ပုသိမ် မြို့နယ်ကို စတေးဟုမ်းသတ်မှတ်ထားသည်ဖြစ်၍အခြခံလူတန်း စားများအနေဖြင့် စားဝတ်နေရေး အကြပ် အတည်းဖြစ်ပေါ်လျက် ရှိနေကြသည်ဖြစ်ရာ ကျေးရွာအတွင်းမှ အလှူရှင်များ၏ စုပေါင်းအလှူဖြင့် ပေါက်ကုန်းကျေးရွာ အုပ်စုအတွင်းရှိလူငယ်လေးများက လုပ်အားဖြင့် စုပေါင်းလှူဒါန်းကြသည်ဖြစ်ရာ အလှူပစ္စည်းများ ကိုအိမ်တိုင်ရာရောက် ပေးဝေသည့် စနှစ်ဖြင့် ကျေးရွာအတွင်းမှ အိမ်ထောင်စု ၁၀၀ အတွက်ပေးဝေလှူဒါန်းခဲ့ကြသည်။ ကျေးရွာအုပ်စုအတွင်း အသက် ၇၀ ကျော် အဖွားနှစ်ဦးနေထိုင်သည့် မိသားစုနှစ်စုအတွက် လူငယ် များအဖွဲ့မှ အစဉ်ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလဲ သိရသည်။

ယနေ့စုပေါင်းလှူဒါန်းသည့် ဆန်၊ ဆီနှင့် ကြက်သွန်ပစ္စည်းစုစုပေါင်း၏ တန်ဖိုးမှာငွေ ကျပ်ခြောက် သိန်းခွဲကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 

မြင့်ဟန်