မင်းလှမြို့၌ အောက်ဆီဂျင်စက်ရုံတည် ဆောက်နိုင်ရေး ဆရာတော်၊ သံဃာတော်များမှ အလှူငွေများ ပေးအပ်လှူဒါန်း

မင်းလှ       ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ လူနာများအနက် အောက်ဆီဂျင်‌ပေးရန် လိုအပ်‌နေသည့် လူနာများအား အောက်ဆီဂျင် လုံလောက်မှုရှိစေရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များ၊ အပမာဒနာရေးကူညီမှု အသင်းတို့မှ‌ အောက်ဆီဂျင်စက်ရုံများတွင် သွား ရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး၊ မင်းလှမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ အမြန်တည်‌ ဆောက်နိုင်‌ရေး မြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ အလှူငွေရရှိရေး ဆောင်ရွက်လျက်ရှိရာ၊ မင်းလှမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်/ သံဃာတော်များ က   အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ် ၂   နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည် ဆောင်နိုင်ရေးအတွက် ကျောင်းတိုက်အသီးသီးမှ ဆရာတော်/ သံဃာတော် ၆၃ ပါးနှင့် အလှူရှင် သုံးဦးတို့မှ အလှူငွေစုစုပေါင်း ကျပ် ၃၄၀၀၀၀၀ ကို ပေးအပ်လှူဒါန်းခဲ့ရာ၊ မြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ၊ အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇာဇာ