သတင်းများ

တံတားဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Aug 17,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက်၊ သုခိတ ကမ္ဘောဇဗိမ္မာန်၊ တံတားဦးမြို့နယ် တိုက်နယ်ဆေးရုံများနှင့် မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဦးစီးဌာန တို့တွင် စုရပ်အဖြစ်သတ်မှတ်၍ ယနေ့ နံနက်(၉)နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် မိုးစပါးလယ် (၈၇၁၅) ဧကကျော်စိုက်ပျိုးပြီးစီး
Aug 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အနေဖြင့် ၂၀၂၁-ခုနှစ် မိုးရာသီအတွင်း မိုးစပါး (၉၅၉၅) ဧကစိုက်ပျိုးရန် လျာထားဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရှိရသည်။
ငဖဲမြို့နယ် ၌ မိုးစပါးနှင့်အခြားမိုးသီးနှံ ၃၀၇၄၉ ဧက လျာထားစိုက်ပျိုးသွားမည်
Aug 17,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၁ခုနှစ် မိုးသီးနှံများစိုက်ပျိုးရာသီ၌ မိုးစပါးသီးနှံနှင့် အခြားမိုးသီးနှံ ၃၀၇၄၉ ဧက လျာထား၍ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းထံမှ သိရသည်။
ဇလွန်​မြို့နယ်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးခြံများသို့ ကွင်းဆင်းကြည့်ရူ့
Aug 17,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေ သည့်ကာလအတွင်း ဒေသတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးခြံများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနှင့်တာဝန်ရှိသူများသည်ဘဲမွေးမြူရေး ၊ နို့စားနွားမွေးမြူရေး နှင့် မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးထားရှိမှုတို့အား ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ကွင်းဆင်း ကြည့်ရူ့ခဲ့ကြသည်။
မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဗမာ၊ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသား ဘာသာတို့ဖြင့် အသိပညာပေး နှိုးဆော်
Aug 17,2021
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းကို ယ​နေ့နံနက်၁၀နာရီက မိုင်းခတ်မြို့ပေါ်ရပ်ကွက်၊ စွပ်ပ​လောင်း၊ ယန်း​တောင်း၊ ပါဆံကျ​ကျေးရွာများသို့ ဗမာ၊ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသားဘာသာတို့ဖြင့် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့တွင် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲသွားလာနေသူများအား စစ်ဆေးကြပ် မတ်၍ ဒဏ်ငွေရိုက်အရေးယူလျက်ရှိ
Aug 17,2021
သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့ကျလာစေရန် အသိပေး နှိုးဆော်ခြင်းများနှင့် စစ်ဆေးကြပ်မတ်အရေးယူဆောင်ရွက်ခြင်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာမြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသ ရေးလုပ်ငန်း ကော်မတီမှ ယနေ့ နံနက် ပိုင်းကလူအသွားအလာများသည့်လမ်းဆုံများတွင်ပါးစပ်၊ နှာခေါင်း စည်းမတပ်ဆင်ဘဲသွားလာနေကြသည့် အိမ်ပြင်ထွက်သူများ၊ ခရီးသွားလာကြသူများအား စစ်ဆေးအရေးယူ ပညာပေးမှုများ ပြုလုပ်ခဲ့ကြသည်။