ကန့်ဘလူ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကန့်ဘလူ ဩဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက်  ကာကွယ်ဆေး မထိုးနှံရသေးသူများအား ယနေ့ နံနက် နာရီတွင် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုး ဦးဆောင်၍ ကျန်းမာရေးဝန် ထမ်းများက မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံခြင်း မပြုရသေးသော ဝန်ထမ်းများ၊ ပရဟိတဆောင်ရွက်နေသူများ၊ စျေးသူစျေးသားများနှင့် ယင်းတို့၏ မိသားစု ဝင်များ စုစုပေါင်း ၉၀၈ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပေးလျက်ရှိသည်။

ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကို ဩဂုတ်လအတွင်း တတိယအကြိမ် ဆေးအလုံးရေ ၁၀၀၀ ရရှိခဲ့ပြီး ဩဂုတ် ၁၄ ရက်က ခုတင် ၁၀၀ ဆေးရုံ၌ ကာကွယ်ဆေး ထိုးနှံခြင်းမပြုရသေးသော အသက် ၁၈ နှစ်အထက် ရဟန်းသံဃာတော်များ၊ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊စေတ နာ့ဝန်ထမ်းများစသည့် ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးခဲ့ရာ ၆၅၀ ဦး၊ ဩဂုတ် ၁၅ ရက်က မလယ်ကျေးရွာတွင် ၄၄၀ ဦး၊ ယနေ့(ဩဂုတ် ၁၇ ရက်)တွင် ခုတင် ၁၀၀ ဆေးရုံ၌ ၉၀၈ ဦး စုစုပေါင်း ၁၉၉၈ ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဩဂုတ်လဆန်းပိုင်းတွင် ကန့်ဘလူမြို့နယ်အတွက် ပထမအကြိမ် ဆေးအလုံးရေ ၁၅၀၀၊ ဒုတိယအကြိမ် ၇၅၀စုစုပေါင်း ၂၂၅၀ ရရှိခဲ့ပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း မပြုရသေးသူများအား ဦးတည်အုပ်စုအလိုက် ဦးစားပေးထိုးနှံပေးခဲ့ရာ ဩဂုတ် ရက်မှ ရက် နေ့အထိ ၄၄၈၈ ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့်  ဆက်လက်၍ ကာကွယ်ဆေးထပ်မံ ရောက်ရှိလာပါက ကျန်ရှိသော ကာကွယ်ဆေး မထိုးနှံရသေးသူများအား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

အောင်ဝင်းငြိမ်း (ကန့်ဘလူ)