ရွှေပြည်သာမြို့နယ်တွင် ဦးစားပေးအလွှာများအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 17,2021
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ဦးစားပေးအလွှာများအလိုက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်၉နာရီမှ စတင်၍ စက်မှုဇုံ၊ ကွပ်ကဲရေးရုံး ကနောင်ခန်းမတွင် စက်ရုံဝန်ထမ်းများကိုလည်းကောင်း၊ သာသနာ့ ဗိမာန်တော် ကြီးတွင် မွန်းတည့် ၁၂ နာရီမှစတင်၍ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှ ဝန်ထမ်းများကိုလည်းကောင်း အသီးသီး စုရပ်များခွဲ၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။