အမရဌာနီ အရှေ့ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့သို့ အလှူရှင်များက လူနာတင်ယာဉ်တစ်စီး လှူဒါန်း

မန္တလေး ဩဂုတ် ၁၇

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အမရဌာနီအရှေ့ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့သို့ အလှူရှင်များက လူနာတင်ယာဉ်တစ်စီး လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီက အဆိုပါမီးသတ်စခန်း၌ ပြုလုပ်သည်။

အခမ်းအနားတွင် တက်ရောက်လာသူများက မတ္တရာတိုက်မတိုက်အုပ်ဆရာတော် ဘဒ္ဒန္တဣန္ဒာသဝထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ အလှူရှင်မိသားစုက ဆရာတော်နှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေကြ သည်။

ထို့နောက် အလှူရှင်မိသားစုဖြစ်‌သော အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၂၂)၊ ၉လမ်း၊ ၇၆လမ်းနှင့် ၇၇လမ်းကြားနေ ဦးဝင်းနိုင်နှင့်ဇနီးဒေါ်နှင်းနှင်းအေး "ရွှေသီး(4) အထွေထွေ ရောင်းဝယ်ရေး" မိသားစုက ဆရာတော်နှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ALPHARD ခဲရောင်မော်တော်ယာဉ်တစ်စီးအား လူနာတင်ယာဉ်အဖြစ် အသုံးပြုနိုင်ရန်အတွက် ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့မှ တပ်စုမှူးအောင်ဝင်းထံသို့ ပေးအပ်လှူဒါန်းရာ တပ်စုမှူးမှအလှူရှင်မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး