သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

 

 

မိုင်းယန်း ဩဂုတ်      ၁၇

 

သဘာသဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများ ကျရောက်လာပါက ပြည်သူများအနေဖြင့် လုပ်ဆောင် ရမည့်လုပ်ငန်းများ၊ ကြိုတင်ပြင်ဆင် ကာကွယ်ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထုအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်လာနိုင်စေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေး က ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရန်မျိုးအောင်က ရာသီဥတုပြောင်း လဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်တပ်ဖွဲ့အင်အား၊ လူ၊ ယာဉ်၊ စက် အကုန်လုံးသင့်လေးသင့်ဖြစ်အောင် အမြဲတမ်း ဆောင်ရွက်ထားပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့အင်အား(၃၅)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး စီစဉ်ထားရှိပါကြောင်း၊ မိတ်ဖက်အင်အားများအဖြစ် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်ပါကြောင်း၊ မိုင်းယန်းမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အန္တရာယ်ကင်းရှင်းစွာဆောင်ရွက်နိုင်ရေး လုပ်ငန်းခွင်ကို စနစ်တကျ စီမံချက်ရေးဆွဲထားပါကြောင်း၊ သာမန်အချိန်ဆောင်ရွက်ခြင်း၊ အရေးပေါ်အချိန် ဆောင်ရွက်ခြင်း၊ အရေးကြီးတဲ့အချိန် ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် တပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည်မြင့်မားအောင် အမြဲတမ်း လေ့ကျင့်ခြင်း၊ စုဖွဲ့ခြင်းများဆောင်ရွက်ထားကြောင်း၊ အရေးပေါ်ဖြစ်ပေါ်လာပါက ချက်ချင်းသွားနိုင်အောင် လူစာရင်းကို ပြုစုထားပါကြောင်း၊ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သဘာဝဘေး အန္တရာယ်ဖြစ်လာရင် အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင် ရန် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အားလုံးကို အမြန်ဆုံးရောက်ရှိနိုင် အောင် စုရပ်နေရာသတ်မှတ်ထားပါကြောင်း၊ လုပ်ငန်းသုံး ယာဉ်များအသင့် ကောင်းမွန်စေရေး စဉ်ဆက်မပြတ် ရုံးမှာအမြဲတမ်းလေ့ကျင့်ပါကြောင်း၊ မီးသတ်ဦးစီးဌာနအနေနဲ့ မီးငြှိမ်းသတ်ရေး လုပ်ငန်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရပါကြောင်း၊ လုပ်ငန်းစွမ်းဆောင်ရည် စနစ်တကျမြင့်မားစွာ ကာကွယ်၊ ကူညီ ကယ်ဆယ်ဆောင်ရွက်နိုင်ရေး ဒေသအတွင်းရှိ လုပ်သားပြည်သူများ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ရေး ရှာဖွေရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်လေ့ကျင့်ခြင်း၊ အားနည်းချက် ရှာဖွေခြင်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေသည်။ ထို့အပြင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ပါက ပြည်သူကို အလုပ်အကျွေးပြုသော တပ်ဖွဲ့တစ်ခု နှင့် ပြည်သူလူထုက ယုံကြည်အားကိုးရသော မီးသတ်တပ်ဖွဲ့ တစ်ခုဖြစ်အောင် လုပ်ငန်းအောင် မြင်သည်အထိ အမြဲလေ့ကျင့်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ခွန်ရဲထွေး