သတင်းများ

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ ဒလမြို့နယ်ရှိ ပြည်သူများအား ဆန်နှင့်ဆီများ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချပေး
Aug 17,2021
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ကမာကဆစ်ဈေးအနီး၌ ယနေ့မွန်းလွဲ ၂ နာရီက ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေး နှင့် ရောင်းချရေးယာဉ်ဖြင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်နှင့်ဆီများကို သင့်တင့်သော ဈေးနှုန်းဖြင့်လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး
Aug 17,2021
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များရှိ အသက်(၆၅)နှစ်နှင့် အထက် အဘိုး၊ အဘွားများနှင့် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယမန်နေ့ နံနက်ပိုင်းက ဆေးထိုးစုရပ်ဖြစ်သည့် မလှိုင် အ.ထ.က ကျောင်းဝင်းအတွင်း၌ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည် ။ 
ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 17,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ် ၁၇ ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၁၇/၂၀၂၁)ကို Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ Videoconferncing ဖြင့် တွေ့ဆုံဆွေးနွေး
Aug 17,2021
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ Videoconferncing ဖြင့် ယနေ့နံနက် ၉ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမိုးစပါးစုပေါင်းမြေဩဇာကြဲပက်ပွဲနှင့်ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားတက်ရောက်
Aug 17,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဘားအံမြို့၊ ရသေ့ပျံကျေးရွာအုပ်စု မိုးစပါး စုပေါင်း မြေဩဇာကြဲပက်ပွဲနှင့် သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားသို့ တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။
မင်းဘူး၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုလုပ်ငန်းများ ပြီးစီးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောက်ရွက်
Aug 17,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် အောက်ဆီဂျင်အရေးပေါ် လိုအပ်နေသော ဒေသခံမိဘပြည်သူများအတွက် မင်းဘူးမြို့ရှိ ဗြဟ္မစိုရ်လူမှုကူရေးအသင်း ရုံးဝန်းအတွင်း၌ တည်ဆောက်နေသော အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်နေမှု လုပ်ငန်းများ အားလုံးကို စက်တင်ဘာလ ပထမအပတ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး စက်တင်ဘာလ ဒုတိယအပတ်တွင် liquid Oxygen Plant စတင်လည်ပတ် ထုတ်လုပ်နိုင်ရေး အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြောင်း မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
ရန်ကင်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 17,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများကို ရန်ကင်းမြို့နယ်၊အမှတ်(၁၄)ရပ်ကွက် မိုးကောင်းဘုရားစေတီဝင်းအတွင်းရှိ အရိယာဓမ္မာရုံ၌ Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။