မိုးစပါး မျိုးစေ့ထုတ်စိုက်ကွက်များအား ကြည့်ရှုစစ်ဆေး

အင်းတော် ဩဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့  မြို့အဝင်ရှိ မြို့ဝင် မြို့ထွက် မိုးစပါး မျိုးစေ့ထုတ် စိုက်ကွက်များအား ယမန်နေ့ နံနက်ပိုင်းက အင်းတော်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အင်းတော်မြို့နယ်အနေဖြင့် ယခု ၂၀၂၁ ခုနှစ်တွင် မိုးစပါး စိုက်ဧရိယာ ဧက ( ၅၅၈၀၀ ) ကျော် စိုက်ပျိုးနိုင်ရန် ရည်မှန်းထားရှိပါကြောင်း၊ ယခင် ၂၀၂၀ ခုနှစ်တွင် မိုးစပါးစိုက်ဧရိယာ ( ၅၅၄၁၀ ) ဧက စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧက ပျှမ်းမျှအထွက်နှုန်း ( ၈၈.၇၅ ) တင်း ရရှိခဲ့ပါကြောင်း၊ မိုးစပါးစိုက်ဧကများ ပိုမိုစိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်း တိုးတက် မြှင့်မားလာရေးအတွက် မိမိတို့ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ဒေသခံတောင်သူများနှင့်အတူ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။

အဆိုပါ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်များအား အင်းတော်မြို့နယ် မြို့နယ်စီမံခန့်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ ဒေသခံတောင်သူလယ်သမားများက စုပေါင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ