ရမ်းဗြဲ ဩဂုတ် ၁၇
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့်ပြည်သူများမှ ကိုဗစ် - ၁၉ ရောဂါကို ကြိုတင်တားဆီးကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် ၈ နာရီအချိန်က ရမ္မာဝတီမြို့မဈေးလမ်းဆုံ၌ Mask Campaign ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြ ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များမှဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်ဖက်ပရဟိတအဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
ရမ်းဗြဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပြည်သူများမှ တစ်ဦးချင်းစည်းကမ်း
လိုက်နာပြီး ကြိုတင်တားဆီးကာကွယ်နိုင်ရန်အတွက် ဈေးရောင်း ဈေးဝယ်ရန်ရောက်ရှိကြ သူများကို ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ဟောင်းနွမ်းသည့် ပါးစပ်နှာ နှင့်ခေါင်းစည်းMask ကိုတပ်ဆင်သွားလာနေသူများကို အသစ်တပ်ဆင်သွားလာစေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါသည်။ ၎င်းနောက် ပြည်သူများအနေဖြင့် ကိုဗစ် - ၁၉ ရောဂါကို ကြိုတင် ကာကွယ်နိုင်ရေးအတွက်မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြရန်၊ လက်ကိုဆပ်ပြာနှင့်မကြာခဏ ဆေးကြောကြရန်၊ လူစုလူဝေးများရှောင်ရှားကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သောညွှန်ကြားချက်၊ စည်းကမ်းချက်များကိုတိတိကျကျလိုက်နာပြီး ကိုဗစ် - ၁၉ ရောဂါကို ပြည်သူများအားလုံးက ဝိုင်ဝန်းပြီးစုပေါင်းကာကွယ်ကြရန်လည်း မှာကြားပေးခဲ့ကြောင်းသိရ သည်။
အောင်နိုင်