ချောင်းဆုံ ဩဂုတ် ၁၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်နတ်မှော်ကျေးရွာရှိ သံလွင်မြစ်အတွင်း တွင် သဘာဝရေပြင် အတွင်း ငါးမျိုးစိုက်ထည့်ခြင်အခမ်းအနားကို ဩဂုတ်လ ၁၇ ရက်နေ့နံနက်၈နာရီခွဲက ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလွင်၊မြို့နယ်(ယာယီ)ရဲမှူးဇော်မင်း၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ဦးနေမျိုးအေး နှင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ ကြသည်။
ငါးမျိုးစိုက်ထည့်ရေးစီမံချက်အရ ချောင်းဆုံမြို့နယ်၌ ငါးသယံဇာတပေါများရေး၊ရေရှည် စဉ်ဆက် မပြတ်တိုးပွားစေရေးနှင့် ပြည်သူများ ငါးရိက္ခာပိုမို စားသုံးနိုင်ရန် အတွက် သံလွင်မြစ်အတွင်း ငါးမြစ်ချင်း အကောင်ရေ (၁၀၀၀၀)အား ငါးမျိုးစိုက်ထည့် ပေးခဲ့ကြောင်းနှင့် ယခုငါးမျိုးစိုက်ထည့်ခြင်းမှာ ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)