သတင်းများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအား လှူဒါန်းသည့်ပစ္စည်းများ ပြည်သူများလက်၀ယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်
Oct 07,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနလက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာအုပ်စု (၁၈) အုပ်စုမှ ရေဘေးသင့်ကျေးရွာပြည်သူများအား ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြရာ ယနေ့နံနက်ပိုင်းက ရေဘေးသင့်ပြည်သူများလက်၀ယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများ ဆက်လက်ဖြေဆို
Oct 07,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် KG မှ Grade-12 အထိ ယနေ့နံနက် ၉ နာရီအချိန်၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မင်းဘူးမြို့၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ်ဒေသဖော်ဆောင်ရေးအစည်းအဝေး ကျင်းပ
Oct 07,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ်ဒေသဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှစံပြကျေးရွာ (Smart Village) ၌ တောင်သူအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 07,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှစံပြကျေးရွာ (Smart Village) ၌ တောင်သူအသိပညာပေးဟောပြောပွဲကို အောက်တိုဘာ (၅) ရက်နေ့ နေ့လယ် ၂ နာရီအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
ပဲခူးမြို့နယ်အတွင်း ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အ​ကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုအား တာဝန်ရှိသူများလိုက်လံကြည့်ရှုအားပေး
Oct 07,2024
ပဲခူးမြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူကြမည့် စာရင်းစစ်၊ စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ရှင်စောပုဝန်ထမ်းအိမ်ရာကောက်ကွက်များတွင် စာရင်းများကောက်ယူကြရာ တိုင်း၊ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ အတွင်းရေးမှူးများနှင့်အဖွဲ့များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။    
ချောင်းဆုံမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစာရင်းစစ်၊ စာရင်းကောက်များအား ကျန်းမာရေးစောင့်ရှောက်ခြင်းများဆောင်ရွက်
Oct 07,2024
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့က စတင်ကောက်ယူလျက်ရှိရာ စာရင်းစစ်၊ စာရင်းကောက်များအား အောက်တိုဘာ(၆)ရက်နေ့က ကျွန်းသာယာခန်းမ၊ မုဒွန်းကျေးရွာနှင့် မုကွဲကျေးရွာတို့ရှိ စုရပ်များတွင် ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး
Oct 07,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို ရပ်ကွက်/ကျေးရွာများအတွင်း အောက်တိုဘာ (၁) ရက်နေ့မှစတင်ကာ သန်းခေါင်စာရင်းကောက်အဖွဲ့များမှ ကွင်းဆင်း‌ကောက်ယူလျက်ရှိရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ အတွင်းရေးမှူး ဦးစိုးမင်းနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
ပွင့်ဖြူမြို့၌ မြို့ပြဖွံ့ဖြိုးရေးအတွက် ကွန်ကရစ်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေး
Oct 07,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် သက်တော်ရှည်ရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်တွင် မြို့ပြဖွံ့ဖြိုးရေးနှင့် ပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကွန်ကရစ်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များက လုပ်ငန်းအရည်အသွေးပြည့်မီစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။