မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအား လှူဒါန်းသည့်ပစ္စည်းများ ပြည်သူများလက်၀ယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်

စဉ့်ကိုင် အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနလက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာအုပ်စု (၁၈) အုပ်စုမှ ရေဘေးသင့်ကျေးရွာပြည်သူများအား ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြရာ ယနေ့နံနက်ပိုင်းက ရေဘေးသင့်ပြည်သူများလက်၀ယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် မြို့နယ်ဒုတိယဦးစီးမှူး ဦးဇော်မင်းဆင့်တို့က အနီးကပ်ကြီးကြပ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ ၀န်ထမ်းများ၊ စာရေး၀န်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အဖွဲ့များခွဲ၍ ရေဘေးသင့်ပြည်သူများလက်၀ယ်အရောက် စနစ်တကျထောက်ပံ့ပေးအပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန် (၁၉) ပြည်ပါ (၇၁၇)အိတ်၊ (၂၄) ပြည်ပါ (၅) အိတ်၊ စည်သွပ်ဘူး (၁၁၃၆၆) ဘူး၊ ဆီ (၁၀) ပိဿာပုံး (၅) ပုံး၊ ဆီ (၅၀) ကျပ်သားပါဘူး (၅၀၄) ဘူး၊ (၁၂) လုံးပါ ရေသန့်ကတ် (၀.၅) လီတာ (၁၅၀) ကတ်၊ (၁) လီတာ (၄၃၀)ကတ်၊ အထုပ် (၃၀) ပါ ခေါက်ဆွဲခြောက်ဖာ (၇၁၅၄) ဖာ၊အထုပ်သေး (၅၀) ပါ သီးစုံဓာတ်ဆားထုပ် (၂) ထုပ်၊ (၇၂) ခုပါ ဘီစကွတ်မုန့်အစုံ (၁၆) ဖာ တီရှပ်အင်္ကျီ (၅၀၀) ထည်၊ ကျား/မကလေးဝတ်အင်္ကျီ (၁၉၀၀) ထည်၊ မှို့ခေါင်းအုံး (၇၀) လုံးနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ကျားဝတ်လုံချည် (၂၂၄) ထည်၊ မဝတ်လုံချည် (၂၅၀) ထည်၊ စောင် (၁၀၇) ထည်၊ တဘက် (၁၀၇) ထည်၊ တာပေါ်လင်စ (၁၀၇) စ၊ ဒန်အိုး (၁၀၇) လုံး၊ စတီးဇလုံ (၁၀၇) လုံး၊ တီရှပ်အင်္ကျီ (၄၇၄) ထည်၊ ဆပ်ပြာခဲ (၁၀၇) ခဲ၊ ခြင်ထောင် (၂၀၀) လုံး၊ ပလက်စတစ်ပုံး (၁၀၇) လုံး၊ စတီးဓား (၁၀၇) ချောင်း၊ စတီးဇွန်း (၂၁၄) ချောင်း၊သောက်ရေခွက် (၁၀၇) လုံး၊ ပန်းကန်ပြား (၄၇၄) ချပ်၊ ရေချိုးခွက် (၁၀၇) ခွက်တို့အား လှူဒါန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)