တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများ ဆက်လက်ဖြေဆို

တောင်တွင်းကြီး အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် KG မှ Grade-12 အထိ ယနေ့နံနက် ၉ နာရီအချိန်၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို KG မှ Grade -3 ထိ ဘာသာရပ်အာလုံးကို စာသင်ခန်းအတွင်း ပုံမှန်တက်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း၊  တစ်ရက်လျှင် တစ်ဘာသာဖြင့် မူလတန်း(ထက်ဆင့်) Grade-4 မှ Grade - 5 တန်းကို (တစ်)နာရီ မေးခွန်းလွှာအားလည်းကောင်း၊ အလယ်တန်းဆင့် Grade-6 မှ Garde-9 ထိ အတန်းများအား (တစ်)နာရီ မေးခွန်းလွှာအားလည်းကောင်း၊ အထက်တန်းဆင့်အတန်း Grade-10 နှင့် Grade-11  တို့ကို (နှစ်)နာရီ မေးခွန်းလွှာအားလည်းကောင်း၊ Grade-12 ကို (သုံး)နာရီ မေးခွန်းလွှာအားလည်းကောင်း အသီးသီးဖြေဆိုနေကြကြောင်း သိရပြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ KG မှ Grade – 12 အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၉၆၀၈)ဦး ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)