ချောင်းဆုံမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစာရင်းစစ်၊ စာရင်းကောက်များအား ကျန်းမာရေးစောင့်ရှောက်ခြင်းများဆောင်ရွက်

ချောင်းဆုံ အောက်တိုဘာ ၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့က စတင်ကောက်ယူလျက်ရှိရာ စာရင်းစစ်၊ စာရင်းကောက်များအား အောက်တိုဘာ(၆)ရက်နေ့က ကျွန်းသာယာခန်းမ၊ မုဒွန်းကျေးရွာနှင့် မုကွဲကျေးရွာတို့ရှိ စုရပ်များတွင် ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ စာရင်းစစ်၊ စာရင်းကောက် (၆၅) ဦးတို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်ခြင်းများဆောင်ရွက်ပေးခဲ့ကြပြီး အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာ အချက်အလက်များ၊ အိမ်အကြောင်းအရာများစသည်တို့ကို အောက်တိုဘာ(၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ စာရင်းစစ်၊ စာရင်းကောက်များမှ နံနက်(၇)နာရီမှ ညနေ(၆)နာရီ တစ်အိမ်တက်ဆင်း လိုက်လံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)