သတင်းများ

တပ်ကုန်းမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် စပါးစိုက်ခင်းရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသည့် တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်
Oct 06,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း  စက်တင်ဘာလက ရာဂီမုန်တိုင်းအရှိန်ကြောင့်ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသွားခဲ့သော မိုးစပါးသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထောက်ပံ့လှူဒါန်းသော မျိုးစပါးများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ကြံခင်းမြို့နယ်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ကောက်ယူလျက်ရှိ
Oct 06,2024
အောက်တိုဘာ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကြံခင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအား ဆဋ္ဌမနေ့ ဆက်လက်ကွင်းဆင်း ကောက်ယူလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအား လှူဒါန်းသည့်ပစ္စည်းများ ပြည်သူများလက်၀ယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်
Oct 06,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်  လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနလက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာအုပ်စု (၁၈)အုပ်စုမှ ရေဘေးသင့်ကျေးရွာ ပြည်သူများအား ပစ္စည်းများထောက်ပံ့လှူဒါန်းခဲ့ကြရာ ယနေ့နံနက်ပိုင်းက ရေဘေးသင့်ပြည်သူများလက်၀ယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဘက်ရဲမြို့တွင် ရေဘေးသင့်ပြည်သူများအား ဒုတိယနေ့တွင် အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ကုသပေး
Oct 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တိုက်နယ်ပြည်သူ့ဆေးရုံတွင် ရေဘေးသင့်ပြည်သူများအား ဒုတိယနေ့တွင် အထူးကုဆရာဝန်ကြီး၊ ဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့ ၉ နာရီမှစ၍ ဆက်လက်ကုသပေးလျက်ရှိသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (လောပိတ) ရေထပ်မံမဝင်ရောက်စေရေး ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု
Oct 06,2024
ဘီလူးချောင်းရေမြင့်တက်ခဲ့မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ရေစီးကြောင်းများမှ တစ်ဆင့် ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း စက်တင်ဘာလ ၃၀ ရက်မှစတင်၍ ရေများဝင်ရောက်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စက်ရုံအတွင်း ရေထပ်မံဝင်ရောက်မှုမရှိစေရေး ရေကြီးရေလျှံမှုကာကွယ်နိုင်ရန်အတွက် အရှိန်အဟုန် ဖြင့် ဆောင်ရွက်ပေးလျက်ရှိနေသည်။
မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူး ပုသိမ်ကြီးမြို့နယ်သို့ ကွင်းဆင်းကြည့်ရှုအားပေး
Oct 06,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ နှမ်းကြဲကျေးရွာအုပ်စုနှင့် ရန်ကင်းတောင်ကျေးရွာအုပ်စုတို့တွင် ယနေ့မွန်းလွဲ ၁နာရီက ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးစိုးလွင် နှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့သည်။
ဘားအံမြို့တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Oct 06,2024
၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ကလောခရိုင် စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အင်းတိန်ကျေးရွာ စာသင်ကျောင်း ဖွင့်လှစ်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု
Oct 06,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်‎နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့၊ ဈေးများပျက်စီးခြင်း၊ ဘာသာရေးအဆောက်အဦအချို့ ပျက်စီးခြင်း၊ လမ်းတံတားအချို့ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည့်အပြင် အခြေခံပညာအထက်‌တန်းကျောင်းပါ ရေဝင်နစ်မြုပ်ခဲ့သောကြောင့် ကျောင်းကိုယာယီပိတ်ထားခဲ့ရာ အောက်တိုဘာလ ၅ ရက်နံနက်ပိုင်းမှစ၍ အဆိုပါစာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။