သတင်းများ

ဘားအံမြို့တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Oct 06,2024
၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ကလောခရိုင် စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အင်းတိန်ကျေးရွာ စာသင်ကျောင်း ဖွင့်လှစ်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု
Oct 06,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်‎နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့၊ ဈေးများပျက်စီးခြင်း၊ ဘာသာရေးအဆောက်အဦအချို့ ပျက်စီးခြင်း၊ လမ်းတံတားအချို့ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည့်အပြင် အခြေခံပညာအထက်‌တန်းကျောင်းပါ ရေဝင်နစ်မြုပ်ခဲ့သောကြောင့် ကျောင်းကိုယာယီပိတ်ထားခဲ့ရာ အောက်တိုဘာလ ၅ ရက်နံနက်ပိုင်းမှစ၍ အဆိုပါစာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။
ပုဇွန်တောင်မြို့‌နယ်၌ အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး
Oct 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အမှတ်(၃)၊ အမှတ်(၄)နှင့် အမှတ်(၅)ရပ်ကွက်များ၌ စာရင်းစစ်/ စာရင်းကောက်အဖွဲ့များ၏ အိမ်တိုင်ရာရောက်သန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ တာဝန်ရှိသူများအဖွဲ့က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ညောင်လေးပင်ခရိုင်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒိုက်ဦးမြို့နယ် မိုးစပါးစိုက်ခင်း (သင့်ကိုယ်စားပြု) စံကွက် ရိတ်သိမ်းခြင်းအား ကွင်းဆင်း ကြည့်ရှုအားပေး
Oct 06,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ယနေ့နံနက်ပိုင်းက ညောင်လေးပင်ခရိုင်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဒိုက်ဦးမြို့နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များနှင့်အတူ ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာရှိ တောင်သူ ဦးရဲမြင့်ဝင်း၏ မိုးစပါးစိုက်ခင်း၊ (သင့်ကိုယ်စားပြု) စံကွက်ရိတ်သိမ်းခြင်းအားကွင်းဆင်း ကြည့်ရှုအားပေးခဲ့ရာ တစ်ဧကအထွက်နှုန်း(အစို) ၁၂၃.၅ တင်းထွက်ရှိကြောင်း သိရသည်။
မြဝတီမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူ
Oct 06,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ စာရင်းများကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး
Oct 06,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊  အမှတ် ၆ မင်းတဲရပ်ကွက်ရှိပှု ပါမောက္ခ ဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ် ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၂၅၀)ဦးကျော်အားအခမဲ့ကုသပေးခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ခင်းများကို ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် ပြန်လည်စိုက်ပျိုးပေးနေမှုနှင့် လမ်းပြုပြင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး
Oct 06,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာအနီး ကွင်းအမှတ်(၁၇၃၂)အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူဦးကျော်ဆန်း၏ မိုးစပါးစိုက်ခင်းဧက ၁၆ ဧကတွင် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ခြောက်တန်းသွား ကောက်စိုက်စက်များဖြင့် မိုးစပါးများ ပြန်လည်စိုက်ပျိုးပေးနေမှုကို သွားရောက်ကြည့်ရှုသည်။
ရမည်းသင်းမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးခဲ့သည့် လယ်မြေများအတွက် မျိုးစပါးများ ထောက်ပံ့ပေးအပ်
Oct 06,2024
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ စက်တင်ဘာ ၁၀ ရက်နေ့က ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသွားသော မိုးစပါးသီးနှံ ပြန်လည်စိုက်ပျိုးရန် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့သို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းထားသော မျိုးစပါးတင်း(၃၀)ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။