သတင်းများ

(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် ကားအရောင်းပြပွဲ ကျင်းပ
Oct 06,2024
Myanmar House နှင့် Cars DB တို့မှ ကြီးမှူးကျင်းပသည့် "(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် ကားအရောင်းပြပွဲ"ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ LOTTE Hotel ၌ကျင်းပရာ Myanmar House နှင့် Cars DB မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
တုံတာမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူဆောင်ရွက်
Oct 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာ(၁)ရက်မှစ၍ စတင်ကောက်ယူလျက်ရှိရာ ယနေ့တွင်လည်း  နံနက်ပိုင်းမှစတင်ကာ မြို့နယ်သန်းခေါင်စာ ရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် စာရင်းစစ်၊ စာရင်းကောက်ယူရေးအဖွဲ့မှ  ရပ်ကွက်/ကျေးရွာများအတွင်း  ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသော မိုးစပါးစိုက်ဧရိယာများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းသော မျိုးစပါးများ ထောက်ပံ့ပေးအပ်
Oct 06,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာများ ရေကြီးနစ်မြုပ်ခြင်းများဖြစ်ပွားခဲ့ပြီး ကျေးရွာ ၁၁ ရွာတွင် မိုးစပါးစိုက်ဧရိယာများ ပျက်စီးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် မိုးစပါးစံကွက် ရိတ်သိမ်း​နေမှု ကြည့်ရှုအားပေး
Oct 06,2024
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယ​နေ့မွန်းလွဲပိုင်းက လက်ပံတန်း​မြို့နယ် ကျွန်းက​လေးကျေးရွာ ကွင်းအမှတ်(၁၁၇၃)၊ ဦးပိုင်အမှတ်(၁၀/၃) တောင်သူ ဦးသန်းထွန်းနိုင်၏ ဧရာတိုးမိုးစပါးစံကွက် ၃ ဧကတွင် စံကွက်ရိတ်သိမ်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
၂၀၂၄-ခုနှစ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Oct 06,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ကျင်းပမည့် ၂၀၂၄-ခုနှစ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအထိမ်းအမှတ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကျောက်ပန်းတောင်းမြို့နယ် ပညာရေးဌာနမှ မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက စံပြရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ရေကြီးနစ်မြုပ်ပျက်စီးသွားသော မိုးစပါးသီးနှံ အစားထိုးစိုက်ပျိုးရန် မျိုးစပါး ထောက်ပံ့ပေးအပ်
Oct 06,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသော မိုးစပါးသီးနှံ အစားထိုးစိုက်ပျိုးရန် တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၊  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထောက်ပံ့သော မျိုးစပါးပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံးတွင် ပြုလုပ်ကြောင်းသိရသည်။
ကျောက်တံတားမြို့နယ် ရွှေတံတားအထွေထွေစီးပွားရေးသမဝါယမအသင်းစုလီမိတက် ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Oct 06,2024
ကျောက်တံတားမြို့နယ် ရွှေတံတားအထွေထွေစီးပွားရေးသမဝါယမအသင်းစု လီမိတက် ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ (၃၆)လမ်းအထက်ရှိ အသင်းရုံးဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Door to Door စနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချပေးသည့်အတွက် ဆီစားသုံးသူပြည်သူများက များစွာကျေးဇူးတင်လျက်ရှိ
Oct 06,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ စာအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွင်းနေထိုင်ကြသည့် ဆီစားသုံးသူမိဘပြည်သူများ စိတ်ချမ်းသာမှုရှိစေရန်အတွက် Call Centre များမှ မှာယူသော အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် တစ်ကြိမ်သုံးပိဿာနှုန်းဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးလျက်ရှိသည်။