ဝမ်းတွင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး

ဝမ်းတွင်း အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို ရပ်ကွက်/ကျေးရွာများအတွင်း အောက်တိုဘာ (၁) ရက်နေ့မှစတင်ကာ သန်းခေါင်စာရင်းကောက်အဖွဲ့များမှ ကွင်းဆင်း‌ကောက်ယူလျက်ရှိရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ အတွင်းရေးမှူး ဦးစိုးမင်းနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက် () ရပ်ကွက် ကျေးရွာအုပ်စု (၆) အုပ်စုရှိရာ ကောက်ကွက်ပေါင်း (၄၂၃)ကွက်ရှိပြီး စာရင်းကောက်အဖွဲ (၃၀)ဖွဲ့ဖြင့် အိမ်ထောင်စုပေါင်း (၄၂၂၈၃)ခုကို စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။  အဆိုပါ ဝမ်းတွင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများ၌ သန်းခေါင်စာရင်းကောက်ယူနေမှုများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ အတွင်းရေးမှူး ဦးစိုးမင်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)