သတင်းများ

မိုးနဲမြို့နယ် အမှတ်(၃၆၃) အမြောက်တပ်ရင်း၌ အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လာရောက်ဖျော်ဖြေ
Dec 11,2024
နှစ်စဉ်ဆောင်းရာသီ၌ လာရောက်ဖျော်ဖြေလျက်ရှိသော နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ် ယမန်နေ့ ညနေ ၇ နာရီအချိန်တွင် အမှတ်(၃၆၃)အမြောက်တပ်ရင်း၌ အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လာရောက်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ရေဖြူတွင် ယခုနှစ်ကြံသီးနှံစိုက်ပျိုး‌အောင်မြင်ပြီး ယခင်နှစ်ထက် ဈေးပိုရ
Dec 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဒေသတစ်ဝိုက်က ထွက်ရှိသော ကြံသီးနှံများ ယခင်နှစ်ကထက် ယခုနှစ်တွင် စိုက်ပျိုးသူတောင်သူများက ဈေးပိုရကြောင်း သိရသည်။
ဟိုပုံးမြို့နယ် အခြေခံပညာမူလတန်းကျောင်း(ဂနိုင်ထုံ)တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းများ ကွင်းဆင်းဆောင်ရွက်
Dec 11,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများရှာမှီးနိုင်ရန်၊ နိုင်ငံ့အနာဂတ်စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်စေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနဖြင့် ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က လွယ်အွန်းကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်း(ဂနိုင်ထုံ)၌ ဆောင်ရွက်ခဲ့သည်။
မြင်းခြံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ ပြုလုပ်
Dec 11,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ သိသင့်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အဆိုပါကျောင်း စံပယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ
Dec 11,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာန၊ ရွှေတောင်လမ်း အခြေခံပညာမူလတန်းတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူလူငယ်များစာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Dec 11,2024
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူတက်ရောက်၍ စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ခဲ့သည်။
တောင်သာမြို့ မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟော​ပြောပွဲ ကျင်းပ
Dec 11,2024
တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                                                     
မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Dec 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများထက်မြက်စေရန်၊  ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။