ပဲခူးမြို့နယ်အတွင်း ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အ​ကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုအား တာဝန်ရှိသူများလိုက်လံကြည့်ရှုအားပေး

ပဲခူး အောက်တိုဘာ

ပဲခူးမြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူကြမည့် စာရင်းစစ်၊ စာရင်းကောက်များသည်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ရှင်စောပုဝန်ထမ်းအိမ်ရာကောက်ကွက်များတွင် စာရင်းများကောက်ယူကြရာ တိုင်း၊ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ အတွင်းရေးမှူးများနှင့်အဖွဲ့များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။    

ပဲခူးမြို့နယ်အတွင်း၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀၆)ခု၊ ကောက်ကွက်ပေါင်း(၈၇၄)ကောက်ကွက်ရှိရာ စာရင်းစစ်၊ စာရင်းကောက် (၃၃၆)ဦးတို့မှ အဖွဲ့ (၆၂)ဖွဲ့ခွဲ၍ အောက်တိုဘာလ() ရက်နေ့မှစတင်ပြီး လိုက်လံကောက်ခံလျက်ရှိကြရာ ယနေ့တွင် ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ရှင်စောပုဝန်ထမ်းအိမ်ရာအတွင်းရှိ ကောက်ကွက်၌ ကွင်းဆင်းကောက်ခံကြခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ကွင်းဆင်းကောက်ခံရာသို့ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေးကော်မတီအတွင်းရေးမှူးလူမှုဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးအောင်ဝင်းဦး ဦးဆောင်သည့် ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီအတွင်းရေးမှူးများပါဝင်သည့်အဖွဲ့များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)