ဒလမြို့နယ်၌ အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်နည်း သင်တန်းဖွင့်ပွဲ ကျင်းပ
Oct 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သန်လျင်ခရိုင်မှ ကြီးမှူးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းအစီအစဥ်ဖြင့် အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်း ပြုပြင်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန် ကကမာကဆစ်ရပ်ကွက် အလယ်ကျောင်းပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။