မက်မန်း စက်တင်ဘာ ၁၀
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုနည်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသက်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့နယ် မန်ဝိန်းအုပ်စု၊ ကွန်ဟောင်းကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်မှ (MEVM) မဲပေးစက်အသုံးပြုနည်းနှင့် မဲပေးနည်းအဆင့်ဆင့်တို့ကို လွယ်လနှင့်ရှမ်းဘာသာတို့ဖြင့် ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျထောတို့မှ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများနှင့် လုံခြုံစိတ်ချရမှုအခြေအနေများကို လားဟူဘာသာဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် ကွန်ဟောင်းကြီးကျေးရွာမှ မဲဆန္ဒရှင်ပြည်သူ ၃၅၀ ဦးတို့က လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။
အေဇက်ထွန်း(မက်မန်း)