မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး (၂၆)ကြိမ်မြောက် တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၊ ဒုတိယနေ့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး

ပုသိမ်ကြီး စက်တင်ဘာ ၁၀

(၂၆)ကြိမ်မြောက် တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို စက်တင်ဘာ ၉ ရက် နံနက်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)တွင် ဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပခဲ့သည်

အဆိုပါ ပြိုင်ပွဲများယှဉ်ပြိုင်နေမှုကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အကဲဖြတ်ဒိုင် အဖွဲ့များနှင့်​ တရင်းတနှီးတွေ့ဆုံခဲ့ကြသည်၊၊

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)တွင် အက၊ စန္ဒရား၊ တယော၊ စောင်း၊ ဒုံမင်း၊ မဟာဂီတ၊ ပတ္တလား၊ အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်တင်ရေးတေး၊ ဆိုင်းတစ်ဦးချင်း၊ ခေတ်ဟောင်းကာလပေါ်အဆို ပြိုင်ပွဲများအား မြန့်မာရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းသည့်အနေဖြင့် ခမ်းနားစွာ ကျင်းပလျက်ရှိသည်

မြို့နယ်(ပြန်/ဆက်)