သတင်းများ

စစ်တွေခရိုင်လူထုအခြေပြုဗဟိုဌာန၌ ခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အကြိုအသိပညာပေးTalk Show ဆောင်ရွက်
Dec 05,2021
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုး သူများအဖွဲ့တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အသိပညာပေးTalk Show ကို  ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်(၁၀)နာရီချိန်က ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအ‌​ခြေပြုဗဟိုဌာနတွင် ‌ကျင်းပပြုလုပ်သည်။
ငါးသိုင်းချောင်းမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)၌မုန့်လုပ်နည်းသင်တန်းဖွင့်လှစ်
Dec 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက မုန့်လုပ်နည်းသင်တန်းဖွင့်လှစ်သင်ကြားရာ (Women Club)အဖွဲ့ဥက္ကဋ္ဌဒေါ်ယဉ်ယဉ်မြိုင်က (ငှက်ပျောကြော်)မုန့်လုပ်နည်းကို သင်ကြားပြသပေးခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးရန်ကျန်ရှိသော အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများကို  ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း ကို ယနေ့နံနက် ၉ နာရီမှစတင်ကာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂၄) မူလွန်ကျောင်းတို့တွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်
ကာမိုင်းမြို့၌ကိုဗစ်၁၉ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေးဆိုင်ရာတွင်ပူးပေါင်းကူညီပေးသူများအားထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ 
Dec 05,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ရပ်ကွက်ကျေးရွာအတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အဘက်ဘက်မှ ဝိုင်း၀န်းပူးပေါင်းကူညီပေးသူများအား ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
မော်လမြိုင်မြို့ မြဆည်းဆာ ဘိုး၊ ဘွားရိပ်သာတွင် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပ
Dec 05,2021
မွန်ပြည်နယ်၊  မော်လမြိုင်မြို့နယ်    မုရောင်းကျေးရွာရှိ   ဘိုးဘွားများ  ခိုလှုံရာ  မြဆည်းဆာ ဘိုးဘွားရိပ်သာ   ဓမ္မာရုံ၊   ဆွမ်းစားဆောင်၊ရိပ်သာဆေးရုံနှင့်      ရိပ်သာအတွင်း   လျှောက်လမ်းများ ဆောက်လုပ်ပြီးစီး၍  ရေစက်ချအလှူတော်  မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ် ကိုကိုမောင်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များ တက်ရောက်ကြပြီး မြစေတီ (ရဲကျောင်း)   ဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဝိနယပါဠိပါရဂူ ဘဒ္ဒန္တဝိမလပုဒ္ဓိ အရှင်သူမြတ်ထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ  ဆက်ကပ်လှူဒါန်း၍  လှူဒါန်းမှုအစုစုတို့အတွက်  အနုမောဒနာတရား   နာယူ ကြည်ညိုကာ ရေစက်သွန်းလောင်း အမျှပေးဝေသည်။ 
မိုင်းလုံမြို့တွင် Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်းပေး
Dec 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က မိုင်းလုံမြို့ ၊ဈေးရပ်ကွက်အတွင်းရှိ ဒေါ်အုန်းခိုင်နေအိမ်သို့ သွား‌ရောက် ငှားရမ်းပေးခဲ့သည်။
ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး
Dec 05,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ် ရေးများပြုလုပ်နိုင်ရန်အတွက် ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်ကာ မီးဘေးလုံ ခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
မဲသပုံ-ကွီးကျယ် ရေတံခွန်ထိ ရွာချင်းဆက်မြေလမ်း (၂)မိုင်အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်
Dec 05,2021
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မဲသပုံ-ကွီးကျယ် ရေတံခွန်ထိ ရွာချင်းဆက်မြေလမ်း (၂)မိုင်အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို နို၀င်ဘာလ ၂၁ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။