မိုင်းလုံ ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က မိုင်းလုံမြို့ ၊ဈေးရပ်ကွက်အတွင်းရှိ ဒေါ်အုန်းခိုင်နေအိမ်သို့ သွားရောက် ငှားရမ်းပေးခဲ့သည်။
စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ကိုဗစ်ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များအတွက် စာပေဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကိုယူဆောင်ပြီး ဈေးရပ်ကွက်အတွင်းရှိပြည်သူများကို သွားရောက် ငှားရမ်းပေး ခဲ့ကြောင်းသိရသည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းနှင့်အသစ်လဲလှယ် ဆောင်ရွက်ခြင်းကို အပတ်စဉ် ပြုလုပ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းကို စာဖတ်ပရိတ်သတ်များအား ပြောကြား ခဲ့ကြောင်း သိရှိရသည်။
ဇော်ဇော်