သတင်းများ

ကျောက်ပန်းတောင်းမြို့နယ် တငါ့ကန်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေး
Dec 05,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူး ရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးရွာများအရောက်အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ၊ ဒီဇင်ဘာ(၅)ရက်နေ့ နံနက်(၉)နာရီက တငါ့ကန်ကျေးရွာအုပ်စု၊ တခါးကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မိုးကောင်းမြို့၌ သျှမ်းနှစ် ၂၁၁၆ ခုနှစ်ရှမ်းနှစ်သစ်ကူးနေ့ ကောက်ဦးဆွမ်းကပ်လှူပွဲကျင်းပ
Dec 05,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ သျှမ်းနှစ် ၂၁၁၆နှစ်သို့ကူးပြောင်းသည့် ရှမ်းနီရိုးရာ နှစ်သစ်ကူးနေ့ ကောက်ဦးဆွမ်းကပ်လှူပွဲကို မြို့ဦးရပ်ကွက်ရှိ မဟာသမယကျောင်း တိုက်၌ ဒီဇင်ဘာ ၄ ရက်နေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ က  ထားဝယ်မြို့၊ သာသနာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္ထုငွေနှင့်ဆန်အိတ်များထောက်ပံ့လှူဒါန်း 
Dec 05,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဘုန်းတော်ကြီးကျောင်းနှင့် ပရိယတ္တိစာသင်တိုက်များတွင် လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၈ နာရီ က ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ် ရပ်ကွက် ၊ သာသနာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္ထုငွေနှင့် ဆန်အိတ်များထောက်ပံ့လှူဒါန်းခဲ့ ကြောင်း သိရသည်။ 
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကန်သုံးဆင့် ကန်ပတ်လမ်းတွင် ဒီဇင်ဘာလူထုအားကစားလ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သူများနှင့် လမ်းလျှောက်သူများစည်ကားလျက်ရှိ 
Dec 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကန်သာယာ ကန်ပတ်လမ်းတွင် ဒီဇင်ဘာလဖြစ်သည့် အားလျှော်စွာ လမ်းလျှောက်သူများ၊ ကိုယ်လက်လေ့ကျင့်ခန်း ဆောင်ရွက်နေကြသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။ အားကစားနှင့်ကာယပညာဦးစီးဌာန အေရိုးဗစ်( Fisnet dance) အဖွဲ့မှကန်သာယာ(ကန်သုံးဆင့်)ကန်ပတ်လမ်းနှင့်မြက်ခင်းပြင်တို့တွင် ကိုယ်လက်လေ့ကျင့်ခန်း ဆောင်ရွက်ခြင်းများကို ဒီဇင်ဘာ ၄ ရက် ညနေခင်းအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ 
ကြာအင်းဆိပ်ကြီးမြို့ ဇမိရတနာဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသ
Dec 05,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး မီးဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း  လုပ်ငန်းများနှင့် မီးငြိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြသမှုကို ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၅)ရပ်ကွက်ရှိ မြို့မဇမိရတနာ ဈေးအတွင်း၌ပြုလုပ်ကျင်းပသည်။
ပေါ်ဆန်းကြီးစပါး မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း မျိုးကွဲနှုတ်ပယ်ခြင်းနှင့် နွေစပါးစိုက် တောင်သူ များအား ပုလဲဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်
Dec 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်အုပ်စု၊ သဲကုန်ကျေးရွာ ကွင်း အမှတ် ၄၂၅(အေ)တောင်သူ ဦးထွန်းသွင်၏ ရေကျနောက်စိုက် ပေါ်ဆန်းကြီးစပါး(၁၀)ဧက စိုက် ကွင်း၌ နွေစပါးစိုက်ပျိုးသော တောင်သူများအား ပုလဲဓာတ်မြေဩဇာ ထောက်ပံ့ခြင်းနှင့် မျိုးသန့် စိုက်ခင်း မျိုးကွဲများနှုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မက်မန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Dec 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၄ ရက်နေ့က ဝမ်စလောင်းကျေးရွာအုပ်စုတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပန်းခင်းစီမံချက်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်မည့်တိုင်းရင်းသားပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မက်မန်းမြို့နယ် တာကော်လေးကျေးရွာအုပ်စုတွင် ယနေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။