ငါးသိုင်းချောင်း ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက မုန့်လုပ်နည်းသင်တန်းဖွင့်လှစ်သင်ကြားရာ (Women Club)အဖွဲ့ဥက္ကဋ္ဌဒေါ်ယဉ်ယဉ်မြိုင်က (ငှက်ပျောကြော်)မုန့်လုပ်နည်းကို သင်ကြားပြသပေးခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်း၌ ရှေးဦးစွာငါးသိုင်းေချာင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးမှူးဒေါ်နှင်းယုဝေက သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ သင်တန်းနည်းပြ ဆရာမဒေါ်ယဉ်ယဉ်မြိုင်က (ငှက်ပျောကြော်)မုန့်လုပ်နည်းကို လက်တွေ့ရှင်းလင်းသရုပ်ပြသင်ကြားဆောင်ရွက်ခြင်း၊ သင်တန်းသူများမှလက်တွေ့လေ့ကျင့်ဆောင်ရွက်ခြင်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သန့်ရှင်းလတ်ဆတ်၍ကျန်းမာရေးနှင့်ညီညွတ်သောမုန့်လုပ်နည်းစနစ်များကို စနစ်တကျသိရှိတတ်မြောက်စေရန်၊ မိသားစုတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ်ဝင်ငွေရရှိစေရန်နှင့် (Women Club)အဖွဲ့အပါအဝင် ဒေသခံပြည်သူအမျိုးသမီးများလူမှုစီးပွားဘဝမြင့်မားတိုးတက်လာစေရန်၊ စုပေါင်းဆောင်ရွက်သည့်အလေ့အထများရရှိစေရန်၊အသိပညာ၊အတတ်ပညာများကို မျှဝေဆောင်ရွက်တတ်စေရန် တို့ကိုရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာနတွင် မုန့်လုပ်နည်းသင်တန်းကို ဌာနနှင့်ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း သင်တန်းဆရာမဒေါ်ယဉ်ယဉ်မြိုင်က ပြောကြားထားကြောင်းသိရသည်။
အဆိုပါသင်တန်းသို့ ငါးသိုင်းချောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Women Club)(Book Club)(Youth Club) အသင်းအဖွဲ့များမှ ဒေသခံပြည်သူသင်တန်းသူ(၁၅)ဦးတက်ရောက်သင်ကြားခဲ့ပြီး ကလပ်အသင်းအဖွဲ့ဝင်များစုံညီစွာတက်ရောက်ခဲ့ကြောင်းနှင့် ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် သင်တန်းပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။