စစ်တွေခရိုင်လူထုအခြေပြုဗဟိုဌာန၌ ခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အကြိုအသိပညာပေးTalk Show ဆောင်ရွက်

 

စစ်တွေ   ဒီဇင်ဘာ    ၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုး သူများအဖွဲ့တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အသိပညာပေးTalk Show ကို  ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်(၁၀)နာရီချိန်က ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအ‌​ခြေပြုဗဟိုဌာနတွင် ‌ကျင်းပပြုလုပ်သည်။

 အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ရခြင်း နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူအဖွဲ့မှ သတင်းစာဆရာကျွန်းသား(ငမန်း)က ရခိုင်ပြည်နယ် ကိုယခင်က ရခိုင်တိုင်း ဟုသတ်မှတ်ခဲ့ကြောင်း၊၁၉၇၄ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီဇင်ဘာ (၁၅)ရက်နေ့ကို သတ်မှတ်ခဲ့ရာ ရခိုင်ပြည်နယ်နေ့ဟုဖြစ် ပေါ်လာကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိအောင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များတွင် မိမိတို့၏ ရခိုင် လူမျိုး ဆရာတော်ဦးဥတ္တမ အပါအဝင် ရခိုင်လူမျိုးများ ပါရှိပါကြောင်း၊ မိမိတို့ လူမျိုးအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်သင့်ပါကြောင်း၊မ‌‌မေ့သင့်ပါကြောင်း ဒီဇင်ဘာ၁၅ရက်‌ နေ့တွင်ကျရောက်မည့် ရခိုင် ပြည်နယ်နေ့သည် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်‌နေ့ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့သည်။

 စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူဗဟိုပြုပြည်သူ့ဝန်‌‌ဆောင်မှု လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇူလိုင်ကြယ်