ကာမိုင်း ဒီဇင်ဘာ ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ရပ်ကွက်ကျေးရွာအတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အဘက်ဘက်မှ ဝိုင်း၀န်းပူးပေါင်းကူညီပေးသူများအား ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးသန်းထိုက်က ကိုဗစ်-၁၉ရောဂါစတင်လာခြင်းနှင့်ကူးစက်မှုအကြောင်းအရာများ၊ ကာကွယ်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများတွင် ပြည်သူများအနေဖြင့် ပူးပေါင်းပါ၀င်ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပြီး တိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြုဒေါ်ပြုံးပြုံးကြည်က ကိုဗစ်ပိုးရောဂါ၊ ဒယ်(လ်)တာပိုးရောဂါနှင့်အိမ်နီးချင်းနှိင်ငံတွင်ယခုဖြစ်ပွားနေသော အိုမီခရွန်ရောဂါပိုးအကြောင်းအရာများကိုရှင်းလင်းပြောကြားခြင်း၊ ကာကွယ်ဆေးထိုးနှံ့ပြီးပါက ရောဂါ၀င်ရောက်လျှင် (၇၀)ရာခိုင်းနှုန်းအထိ ကာကွယ်မှုပေးသည့်အတွက် ဆေးမထိုးရသေးသည့်ပြည်သူများအနေဖြင့်ဆေးရောက်ရှိပါကလာရောက်ဆေးထိုးနှံကြရန် ပြောကြားသည်။
ထိုနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ပေးအပ်သည့် စုစုပေါင်းငွေကျပ်သိန်း(၅၀)ကို ကာမိုင်းမြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာတာ၀န်ရှိသူများက မြို့တိုက်နယ်ဆေးရုံ၊ မြို့ကိုဗစ်ကော်မတီ၊ မြို့မရပ်ကွက်၊ကောင်ရာကျေးရွာ၊ နန့်စီးအင်းကျေးရွာ၊ ကထန်ယန်ကျေးရွာ၊ ဂေါ်ရီကျေးရွာ၊ ကပ်မှော်ဇွပ်ကျေးရွာ၊ နန့်ယားကျေးရွာအုပ်စုများနှင့် လီဒိုးလမ်းကြောရှိ လဝါးကျေးရွာ၊ဒွန်ဘန်ကျေးရွာ၊ နောင်းမီကျေးရွာ၊ ဝါရာဇွပ်ကျေးရွာနှင့် ဒွန်ဘုန်းခကျေးရွာအုပ်စုမှ ရပ်မိ/ရပ်ဖများနှင့် လူမှုကူညီရေးအသင်းမှ Volunteerများအား အုပ်စုလိုက်ခွဲဝေ ထောက်ပံ့ပေးခဲ့သည်။
အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ ဖိတ်ကြားထားသည့်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေး၀န်ထမ်းများ၊ ရပ်မိ/ရပ်ဖများနှင့်လူမှုကူညီရေးအသင်းမှ Volunteerများတက်ရောက်ခဲ့ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
လဆိုင်း