ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး

 

ကျောက်ဖြူ  ဒီဇင်ဘာ ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ် ရေးများပြုလုပ်နိုင်ရန်အတွက် ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်ကာ မီးဘေးလုံ ခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးမျိုးမင်းထွဏ်းနှင့် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ က ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကာ  မီးဘေး အန္တရာယ်မကျရောက်စေရန်အတွက် စက်သုံးဆီများသိုလှောင်ထားရှိမှု သတ်မှတ်စည်းကမ်းချက် များနှင့် ကိုက်ညီမှုရှိ/မရှိ၊ မီးသုံးစွဲမှု စနစ်တကျရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဗူးများထားရှိမှု ရှိ/မရှိ၊ မီးသတ်ကတ်များ၊ မီးသတ်ခွင်းများနှင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ရေလှောင်ကန်များတွင် ရေသိုလှောင်ထားရှိမှု ရှိ/မရှိတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လောင်စာဆီများဖြည့်သွင်း ရောင်းချနေစဉ် မီးလောင်မှု၊ မီးလန့်မှုမျျားမဖြစ်ပေါ်စေရေးနှင့် ၎င်းဆီဆိုင်များတွင် ပြည်သူများသိ ရှိစေရေး မီးဘေးလုံခြုံရေး အသိပညာပေးဆိုင်းဘိုးများ ထားရှိစေရန် အကြံပြုမှာကြားခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း