သတင်းများ

ဘောဂလိမြို့၌ ကွမ်းသီးရာသီချိန်သို့ရောက်ရှိလာ၍ ဒေသခံများ ကွမ်းသီးခူးခြင်း၊ ရောင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Dec 05,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ဘောဂလိမြို့တွင် ဒေသထွက် သီးနှံတစ်ခုဖြစ်သော ကွမ်းသီးများ ပေါ်ချိန်သို့ရောက်ရှိလာ၍ ဒေသခံများ စတင်ခူးယူပြီး ဈေးကွက်သို့ ရောင်းချနေပြီ ဖြစ်သည်။
ကံမမြို့၌ ဇီဝိတဒါန အောက်ဆီဂျင်စက်ရုံ ရေစက်ချအလှူတော်နှင့်ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 05,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိပြည်သူများအား ကျန်းမာရေးစောင့်ရှောက် မှုပေးရာတွင် အောက်ဆီဂျင်ပြည့်ဝစွာရရှိနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဆရာတော်၊သံဃာတော်များ၊ ပြည်သူများနှင့်စေတနာရှင်အလှူရှင်များ စုပေါင်း လှူဒါန်းမှုဖြင့် ဆောက်လုပ်ပြီးစီး၍ စတင်လည်ပတ်နေပြီဖြစ်သဖြင့် အောက်ဆီဂျင်စက်ရုံ ရေစက်ချ အလှူတော်နှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၆)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဆိုတော်နေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
Dec 05,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နတ်တော်လဆန်း(၁)ရက်နေ့တွင် ကျရောက်မည့် “စာဆိုတော်နေ့အထိမ်းအမှတ်” အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဇီးကုန်းမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်​ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်
Dec 05,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask  campaign ပြုလုပ်ခြင်းကို ယနေ့နံနက်  ၈ နာရီက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြသည်။
တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့်စျေးတွင် ပါးစပ်/နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှု အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 05,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စျေးများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကင်းဝေးစေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသည့်အခါတိုင်း ပါးစပ်/ နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်သည့် အမူအကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စျေးများနှင့်ကုန်စည်ပွဲရုံများဌာန ဒုတိယဌာနမှူး ဦးသန့်ဇင်ထွန်း ဦးဆောင်ပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့်စျေးတွင် ပါးစပ်/နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပေါက်မြို့နယ် မုန်ကျေးရွာတွင် ဒေသနှင့် ကိုက်ညီသော ရေဆင်း(၁၁)မြေပဲမျိုးများ စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Dec 05,2021
 မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ငရုပ်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန် ဖြူ၊ ပဲမျိုးစုံနှင့် ငှက်ပျော စသည့်သီးနှံများ စိုက်ပျိုးကြရာ ယခုနှစ်မိုးနှောင်းကာလ၌ မုန်ကုန်းကျေးရွာတွင် ဒေသနှင့် ကိုက်ညီသော ရေဆင်း (၁၁)မြေပဲမျိုးများ စိုက်ပျိုးထားရှိကြရာ တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့၌ (၇၇)နှစ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဟောပြောပွဲ ဆောင်ရွက်
Dec 05,2021
၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း (၁)ရက်တွင် ကျရောက်ခဲ့သည့် (၇၇)နှစ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်−၁၉ရောဂါ စည်းကမ်း ချက်များနှင့်အညီ ကျင်းပပြုလုပ် ခဲ့သည်။
နတ်မောက်မြို့နယ်တွင်ကိုဗစ်- ၁၉ရောဂါကာကွယ်ရေးအတွက်နှာခေါင်းစည်း Mask Campaign ဆောင်ရွက်
Dec 05,2021
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းမှုရှိသော်လည်း လျှင်မြန် ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် ဆက်လက်ပြန့်ပွားမှု မရှိစေရေးနှာခေါင်းစည်း Mask Campaign ကို ယနေ့နံနက် ၈နာရီခွဲအချိန်ခန့်က လူစည်ကားသည့်မြို့မစည်ပင်သာယာရေးအဖွဲ့ ယာယီစျေးတွင် ဆောင်ရွက် ခဲ့ကြသည်။