ပုံပါကျင် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ နမ့်ချန်ကျေးရွာ၌ လားဟူတိုင်းရင်းသား များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နမ့်ချန်ကျေးရွာ၊ အခြေခံပညာမူလတန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်အောင်ထွန်းက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်းလုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မိုင်းတုံမြို့နယ် ဦးစီးအရာရှိ ဦးအောင်အောင်ထွန်းနှင့် ပုံပါကျင်ရှေ့တန်းရုံး တာဝန်ခံ လဝကမှူးဦးမြင့်မိုးတို့က နမ့်ချန်ကျေးရွာရှိ အိမ် ထောင်စု (၃၄) စုအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၆)ဦးကို ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
အသက် ၁၆ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင် ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်မည့်သူများအနေဖြင့် ပုံပါကျင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့ဦးစီးမှူးရုံး၊ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
သန္တာ(ပြန်ဆက်)