မိုင်းဆတ် ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အခြေခံပညာကျောင်းများ ယနေ့နံနက်(၇)နာရီက စတင်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းများစတင်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ တာဝန်ကျ ဆရာ၊ဆရာမများက ကျောင်းဝန်းအတွင်းမဝင်မီ ကျောင်းအဝင်ပေါက်တွင် Mask စနစ် တကျ တပ်ဆင်စေခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း၊ လက်ဆေးဘေစင်တွင် စနစ်တကျ လက်ဆေး စေခြင်းများ ဆောင်ရွက်ပြီးမှသာ သက်ဆိုင်ရာအတန်းအလိုက် သွားခွင့်ပြုခဲ့ပြီး စာသင်ခန်းအတွင်း၌ တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးဖြင့်ထိုင်စေကာ သင်ခန်းစာများသင်ကြားပေးလျက်ရှိသည်။
မိုင်းဆတ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၉၆)ကျောင်းရှိပြီး ကိုဗစ်-၁၉ ရောဂါကြောင့် အခြေခံပညာကျောင်းများ ယာယီပိတ်ထားရာမှ ယခ ဒီဇင်ဘာလ(၆)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ကျောင်းသား မိဘကော်မတီဝင်များက ကျောင်းဝင်းအတွင်း၊ အပြင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)