ဟင်္သာတမြို့နယ် တွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး

 

ဟင်္သာတ ဒီဇင်ဘာ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့  ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော ပြည်သူများအား နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေး အတွက် ယမန်နေ့ နံနက် နာရီအချိန်တွင် ဟင်္သာတမြို့နယ်ရုံးမှ ဦးစီးမှူး ဦးစိုးမြင့်အောင် ဦးဆောင်၍ လဝကမှူးဦးမျိုးဝင်းအောင်နှင့် ဝန်ထမ်းများက ဓမ္မီဆင်မသေ ကျေးရွာအုပ်စု ဆင်မသေကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျေးရွာများအတွင်း နေထိုင်သောအသက်(၁၀) နှစ်ပြည့်မှ (၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေး ကတ်ပြားလဲလှယ်ပေးခြင်း၊ အသက်(၁၆)နှစ်နှင့်(၁၈)နှစ်ကြား၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ဆင်မသေကျေးရွာ၊ နဂျီကုန်းကျေးရွာ အောက်စုကျေးရွာ ဥတိုကျေးရွာများမှ ကျား ( ၈၂) ဦး (၉၄) ဦး စုစုပေါင်း (၁၇၆) ဦးတို့အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ပြာကတတ်ကျေးရွာ အုပ်စုနှင့် မရိုးသောင် ကျေးရွာအုပ်စု များသို့လည်း အလှည့်ကျ ကွင်းဆင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးစိုးမြင့်အောင် ထံမှသိရသည်။

ကိုဇော် - ဟင်္သာတ