မြန်အောင် ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး မြစ်ကမ်းထိန်းဆောင်ရွက်ထားသော ကမ်းထိန်းနံရံမှာ ဧရာဝတီမြစ်ရေကျချိန်တွင် ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
မြန်အောင်တာမိုင် ၆/၇ နှင့်၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံ မြစ်ကမ်းထိန်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် Geotextile ကပ်နံရံနှင့် ရေထဲပိုင်း Geo-Bag ချခြင်း အလျား(၃၂၀)ပေတည်ဆောက်ခြင်းလုပ်ငန်းကို မြတ်ဘုန်းယံ ကုမ္ပဏီက ကျပ် (၁၉၃. ၂၀) သန်းဖြင့်တင်ဒါအောင်မြင်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကမ်းထိန်းနံရံပျက်စီးမှုများဖြစ်ပေါ်လျက်ရှိသောပေ(၂၀၀)ခန့် နေရာအား ပြုပြင်မှုများ ဆောင်ရွက်သွားရန်လိုအပ်လျက်ရှိကြောင်းသိရသည်။
ဝင်းဗိုလ်