မိုးနဲမြို့နယ်အတွင်း၌ ‌အ‌ခြေခံပညာစာသင်ကျောင်းများ‌ အေးချမ်းစွာ ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိ

မိုးနဲ  ဒီဇင်ဘာ  

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ‌ကျောင်းနေအရွယ် ကျောင်းသား/ ကျောင်းသူများ အသိဉာဏ်ပညာ တိုးပွားလာစေရန် ကိုယ်ရေကိုယ်သွေး ထက်မြတ်လာစေရန် ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယခုနှစ်အစောပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာသည့်အတွက် ကျောင်းများ ယာယီရပ်ဆိုင်းထားခဲ့ရာ ဒီဇင်ဘာလ ၆ ရက် နေ့  ယနေ့မှစ၍ ကျောင်းများပြန်လည်ဖွင့်လှစ် သင်ကြားပေး‌‌နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်း စွာ ပညာသင်ကြားနိုင်စေရန်အတွက် မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ဦးစီး၍ လာရောက်ကြီးကြပ် ပေးခြင်း၊ ဆရာဆရာမများကလည်း ကျောင်းသား/ကျောင်းသူများ အဆင်ပြေစွာ ပညာ သင်ကြားနိုင်ရေးအတွက် အခန်းတွင်းခုံများ သန့်ရှင်းရေးဆောင်ရွက်ထားပေးခြင်းတို့အပြင် ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်စေရန်အတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာသင်ခန်း တွင်းသို့ မဝင်မီ လက်ဆေးဘေစင်ထားရှိပေးခြင်း၊ ၆ ပေအကွာတွင်သာ စနစ်တကျထိုင်စေခြင်း စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ မိုးနဲမြို့နယ် အတွင်းရှိ အထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၆ ကျောင်းနှင့် အမက မူလွန် ကျောင်း ၃၈ ကျောင်း စုစုပေါင်း ၄၇ ကျောင်းမှ ကျောင်းသား/ကျောင်းသူများကို ပြန်လည် ဖွင့်လှစ် သင်ကြားပေးနေသည့်အပြင် ယခင်လာရောက်အပ်နှံခြင်းမပြုထားသော ကျောင်းသား/ ကျောင်းသူများကိုပါ ကျောင်းအပ်နှံခွင့် ပြုလျက်ရှိကြောင်း အ.ထ.က မိုးနဲ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်သန်းသန်းဌေးထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)