မောက်မယ် ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ပန်းတန် ကျေးရွာအုပ်စု၊ ဖာစန်းကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အိမ်ထောင်စုဇယားနှင့် အသက်(၁၈)နှစ်ပြည့် ၊ လဲလှယ် ၊ မိတ္တူ နိုင်ငံ သားစိစစ်ရေးကဒ်ပြားများရရှိစေရေးအတွက် ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေး ကဒ်ပြားများနှင့် အိမ်ထောင်စုဇယားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် မောက်မယ်မြို့နယ်အတွင်းရှိ ကျေးရွာများမှပြည်သူများ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးစိုင်းစိုးစိုးလွင်ထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)