မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၅)ဦး ကျန်းမာရေးပြန်လည် ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ

မိုင်းခတ်   ဒီဇင်ဘာ    ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ (၅)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်သောကြောင့်  ယနေ့နံနက် ပိုင်းတွင် ဆေးရုံဆင်းခွင့်ရရှိကြောင်း  သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ(၅)ဦးသည်နိုဝင်ဘာ ၂၆ရက်နေ့က ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာအဖြစ် ကျန်းမာရေးဌာနမှ စစ်ဆေးတွေ့ရှိခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်လူနာ ဆောင်၌ ၁၀ ရက်ကြာ ဆေးကုသမှုခံယူစေခဲ့ကာ ကျန်းမာရေးစစ်ဆေးချက်အရ ရောဂါ ကင်းစင်သွားပြီဖြစ်သောကြောင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဆေးရုံဆင်းခွင့် ပြုခဲ့ကြောင်း၊ ဆေးရုံဆင်းပြီးနောက် ဆက်လက်၍ မိမိ၏နေအိမ်၌  ခုနှစ်ရက် Home Quarantine နေထိုင်သွားရန် ၊ လူစုလူဝေးဖြင့် နေထိုင်ခြင်းမပြုရန် ၊ကျန်းမာရေးနှင့် ပတ်သက်သော  ဆောင်ရန်ရှောင်ရန်များကို  သတိပေးမှာကြားခဲ့ကြောင်း  သိရသည်။

မိုင်းခတ်မြို့နယ်တွင် ဇူလိုင်လ၁၃ရက်နေ့မှဒီဇင်ဘာလ၆ရက်နေ့‌ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၇၂)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၁၄၅)ဦး၊ သေဆုံးသူ(၁)ဦး၊ ဆေးကုသ မှုခံယူနေသူ(၂၆)ဦးကျန်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။