မိုင်းငေါ့တွင် “ပန်းခင်းစီမံချက်” ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မိုင်းငေါ့  ဒီဇင်ဘာ  ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲခရိုင် မိုင်းငေါ့မြို့  မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအား ဦးစီးဌာနရုံးမှ ယမန်နေ့ နံနက်ပိုင်းတွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာ‌ပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက် လက်ကမ်းစာစောင်တွင် မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်း သားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်‌ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ သိမှတ် ဖွယ်ရာများ၊ ရှေ့ပြေးလျှောက်လွှာများ ၊မေးမြန်းစုံစမ်းရန် ဖုန်းနံပတ်များ ၊နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားရန်အတွက် ပြည်သူများမှ ကူညီပေးရမည့် ကိစ္စများစသည့် အချက် အလက်များပါဝင်သော ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး   အကြောင်းအရာများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် ဖော်ပြထားပါသည်။

ထို့နောက် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များအား ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ ထံသို့ စောင်‌ရေ (၁၁၀)စောင်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မိုင်းငေါ့မြို့  မြို့လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုလဝကမှူး ဦးခမ်းရီထံမှ သိရသည်။  

  မြင့်သွယ်( ပြန်/ဆက်)