ညောင်ဦး ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်သွန်နီ စိုက်ပျိုးတောင်သူများ ကြက်သွန်နီစိုက်ပျိုးရန်စတင်ပျိုးထောင်နေကြပြီဖြစ် ကြောင်း ညောင်ဦး မြို့နယ် သစ်ထောင့်ကျွန်းကျေးရွာ ကြက်သွန်နီစိုက်ပျိုးတောင်သူ ဦးနေလင်းထံကသိရသည်။
ကြက်သွန်နီပျိုးစေ့ စတင်ပျိုးထောင်ချိန် အလွန်ဂရုစိုက်ပျိုးထောင်ရပြီး ကြက်သွန်ပျိုး တစ်ပြီ လေးသောင်းကျပ်ပေး ပျိုးထောင်ရကြောင်း၊ ကြက်သွန်စိုက်ပျိုးတောင်သူများ ကြက်သွန် ပျိုးထောင်ချိန်မှနှုတ်သိမ်းပြီး လှောင်စင်ပေါ်ရောက်မှသာ စိတ်ချရပြီး လှောင်စင်ပေါ်ရောက်ပြီး ဈေးနှုန်းမရသည့်နှစ်များတွင်လည်း ကြက်သွန်စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်ကြ ကြောင်း၊ကြက်သွန်စိုက်ပျိုးရန် ကိုယ်ပိုင်စိုက်ပျိုးမြေမရှိသည့် တောင်သူများစိုက်ပျိုးမြေ ငှားရမ်း ခ တစ်ဧက သုံးသိန်းကျပ်ပေးငှားရမ်းစိုက်ပျိုးရကြောင်း၊ကြက် သွန်တစ်သီးစာအတွက်သာဖြစ် ပြီး၊ ကြက်သွန်နီစိုက်ပျိုးရန်အတွက် မြေဩဇာအဖြစ် နွားချေး၊ဆိတ်ချေး၊ ကြက်ချေး၊ ငုံးချေး၊ ဖော့စမိတ်၊ ပုလဲ၊ရွက်ဖြန်းဆေးများသုံးပြီးစိုက်ပျိုးရ ကာ၊ကြက်သွန်စိုက်ခ၊ နှုတ်သိမ်းခ၊ စင်ပေါ် အတင်အချခ၊ ပေါင်းသင်ခ၊ သယ်တိုက်စရိတ်များ၊ ကြက်သွန်ရေဖြန်းစရိတ် (ဓာတ်ဆီ၊ ဒီဇယ်) ဖိုးများ တစ်ဧကစိုက်ပျိုးစရိတ်တွက်ကြည့်ပါက ကြက်သွန်နီစိုက်ပျိုးခအရင်းတွင်ပင် (၂၀)သိန်း ခန့်ကုန်ကျကြောင်း၊ လှောင်ကြက် သွန်နီဈေး သုံးနှစ်ဆက်တိုက်အရှုံးပေါ်သော်လည်း ကျေးလက်တောင်သူများ ကြက်သွန်နီ စိုက်ပျိုးရန် စတင်ပျိုးထောင်နေပြီဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် မုန့်ကုန်းကျေးရွာ ကြက်သွန်နီ ငါးဧကစိုက်ပျိုးတောင်သူ ဦးနန်းတင့်ကရှင်းပြသည်။
ကိုထိန်၊KPD