ကျိုက်လတ်မြို့၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက် 

ကျိုက်လတ် ဒီဇင်ဘာ ၆ 

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်၌ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးနိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိရာဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့‌ပေါ်ရပ်ကွက်များနှင့်မြို့မဈေးကြီးအတွင်းအသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလိုက်လံနှိုးဆော်ရာတွင် ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာတွေ့ရှိမှု လျော့နည်းနေသော်လည်း ကိုဗစ်-၁၉ ရောဂါအန္တရာယ်မှ ကင်းဝေးနိုင်ရေး၊ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်း၌သာနေထိုင်ကြရန်၊နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ် နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်အခြားသူများနှင့်အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်အနည်းဆုံး စက္ကန့် ၂၀ကြာအောင်စနစ်တကျဆေးရန်အပြင်ထွက်ရာမှပြန်လာတိုင်းပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်၍မပျက်မကွက် ဆေးကုသမှုခံယူရန်၊ကိုဗစ်-၁၉ ရောဂါကိုလျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်ရေးလုပ်ငန်းများကို အားလုံးကကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်Hand speaker  ဖြင့်လှည့်လည်၍တိုက်တွန်းနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

မြို့နယ်