ကျိုက်ဒုံမြို့၌ ပဥ္စမအသုတ်၊ ပထမအကြိမ် အသက်၁၈နှစ်နှင့်အထက်ပြည့်ပြီး၊ ပြည်သူ (၂၀၀) ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံပေး

ကျိုက်ဒုံ ဒီဇင်ဘာလ ၆ 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကျိုက်ဒုံမြို့ဟောင်သရောခန်းမ၌ ယနေ့နံနက် ၉ နာရီက မြို့အုပ် ချုပ်ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျိုက်ဒုံ မြို့ပေါ်နှင့် ကျေးရွာများတွင် နေထိုင်သည့် အသက်၁၈နှစ်နှင့်အထက် ပြည့်ပြီး ပြည်သူ(၄၀)ဦး၊ ယမန့်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသည့် ​ပြည်သူ(၁၆၀)ဦး၊ စုစုပေါင်းပြည်သူ (၂၀၀) ဦးအား ပဥ္စမအသုတ်၊ ပထမအကြီမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးရန်လာရောက်သည့် ပြည်သူများကို မြို့အုပ်ချုပ်ရေးမှူးရုံးမှ စာရေး ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများမှ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျိုက်ဒုံဒေသနေပြည်သူများအား ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင့် သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)