ကမမောင်းမြို့၌ စာဖတ်ဝိုင်းကျင်းပ

ကမမောင်း ဒီဇင်ဘာ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင် ချစ်မြတ်နိုးသူများအ သင်းတို့ ပူးပေါင်း၍ စာရေးဆရာ မင်းခန့်ရွှေရေးသားသည့် "ရေဆာရေသာသောက်ပါ" မြန်မာမှုစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်()နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်အေးက စာပေဖတ်ရှု လေ့လာသည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေ အကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန် အတွက် ရည်ရွယ်၍  စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဒေါ်ကေသီက စာအုပ်စာစောင်များကို လူငယ်တွေပဲဖတ်ဖတ်၊ လူကြီးတွေပဲ ဖတ်ဖတ် နည်းနည်းဖတ်ပြီး များများတွေးဖို့ ရေးသားထားသည့် စာအုပ်ဖြစ်သည့်အတွက် စာဖတ်ပရိတ်သတ်များ အနေဖြင့် အားလုံးဖတ်ရှုသင့်ကြောင်း၊ အဆိုပါ စာအုပ်တွင် ပါရှိသည့်" အရွယ်သုံးပါးနှလုံးသား၀ယ်ဘုရားတည် "ခေါင်းစဉ်ဖြင့် လည်ကောင်း၊ ဒေါ်စန္ဒာ" က အတုယူမမှားစေရေးဆင်ခြင်တွေး "အကြောင်းအရာများကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ သည်။ ထို့နောက် တက်ရောက်လာကြသော စာအုပ်စာပေချစ်ပရိသတ်များ၊ စာပေဝါသနာရှင်များက သိရှိလိုသည်များကို မေးမြန်းကြကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်း ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့် ပြန်/ဆက်