ဒေးဒရဲ ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့တွင်းသန့်ရှင်း သာယာလှပစေရေးအတွက် အမှိုက်နှင့်မြက်ပင်၊ ပေါင်းပင်များ ရှင်းလင်းသိမ်းဆည်းခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေဆိုး၊ ရေညစ်များအား ဖော်ထုတ်ရှင်းလင်းခြင်းကို အပတ်စဥ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်း ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဌာနပိုင် ယာဥ်များနှင့် အမှိုက်များ သိမ်းဆည်း၍ သတ်မှတ်နေရာများတွင် စွန့်ပစ်ခြင်း၊ ပိတ်ဆို့နေသော ရေနုတ်မြောင်းများ အတွင်းရှိ အမှိုက်များ ရှင်းလင်းခြင်း၊ မြို့အဝင် ဆိုင်းဘုတ်နှင့် လမ်းလယ်ကျွန်းများတွင် အလှဆင်ထားသည့် ရာသီအလိုက်စိုက်ပျိုးထားသည့် အလှပင်များအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
အေဇာလင်း