သုံးခွမြို့နယ်ညောင်ပင်ခင်တန်းကျေးရွာတွင် ပန်းခင်းစီမံချက် ဖြင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

သုံးခွ ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊သုံးခွမြို့နယ် ညောင်ပင်ခင်တန်းကျေးရွာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိထုတ်ပေးနိုင်ရေး အတွက် ညောင်ပင်ခင်တန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက နိုင်ငံသားစိစစ် ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပထမဦးစွာသုံးခွမြို့နယ် လူ၀င်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ လ၀ကမှူး ဦးဌေးအောင်က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအကြောင်း၊ ပန်းခင်းစီမံချက်အကြောင်း၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိ သူများအားဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိတွင်အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းမရှိ၊ ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင် လက်မှတ် မရှိသူများအားဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူနှင့်လက်ရှိဒေသတွင် အိမ်ထောင်စု စာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း အကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ပြည်သူများကသိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြား ပေးခဲ့သည်။

ဆက်လက်၍ ပန်းခင်းစီမံချက်ဖြင့် အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြား ကျား(၁၁)ဦး၊ မ (၁၅)ဦး စုစုပေါင်း (၂၅)ဦးနှင့် အသက် ၁၈ အထက် ကျား (၁၆)ဦး၊ မ(၂၃)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦး ရေစာရင်းနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ပြည်သူများ ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် သိသင့်သိထိုက် သည်များပါရှိသော “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” လက်ကမ်းစာ‌‌စောင်များဖြန့် ဝေပေးခဲ့ပြီးနိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်