ရွှေတောင် ဒီဇင်ဘာ၇
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နေ့လယ်ပိုင်းက လူကုန်ကူးမှု အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးမှ လူကုန်ကူးမှု အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အငြိမ်းစား ကျောင်းဆရာကြီး ဦးမြင့်ဦးမှ လူကုန်ကူးမှု အကြောင်းအရာများနှင့် လူကုန်ကူးမှုဆိုင်ရာ ဥပဒေများကို တက်ရောက်လာသော ကျောင်းသား ကျောင်းသူလေးများအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသူများက မိမိတို့ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)