ကဝ ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ၊ ပြုစုခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက မြို့နယ်အတွင်း အိမ်ထောင်စုဇယားပုံစံ (၆၆/၆) နှင့် မဲစာရင်းများ တိုက်ဆိုင် စစ်ဆေးခြင်း၊ မဲစာရင်းများ ပြန်လည်ပြုစုရန်အတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားရာ တက်ရောက်လာသော ဌာနဆိုင်ရာများက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက သတ်မှတ်ရက်အတွင်း ပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာများမှ ကွန်ပျူတာနှင့် လူအင်အားများ ပူးပေါင်းဆောင်ရွက်ပေးရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)