ဇလွန် ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဝန်ထမ်းအင်အားငွေစု ငွေချေးသမဝါယမအသင်း (လီမိတက်)၏ ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် စုဆောင်းငွေပေါ် အတိုးများထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင်မြို့နယ်သမဝါယမ ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့နယ် ဝန်ထမ်းအင်အားငွေစု ငွေချေးသမဝါယမအသင်း (လီမိတက်)၏ ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် စုဆောင်းငွေပေါ် အတိုးများထုတ်ပေးခြင်း အခမ်းအနားတွင် ဝန်ထမ်းအင်အားငွေစုငွေချေး သမဝါယမအသင်းဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဝန်ထမ်းအင်အား ငွေစုငွေချေးသမဝါယမအသင်း၏ ဒါရိုက်တာအဖွဲ့မှ တင်ပြသည့်လုပ်ငန်းအစီရင်ခံစာနှင့် ဝန်ထမ်းအင်အားငွေစုငွေချေး သမဝါယမအသင်း၏ ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးရှင်းတမ်းအား ဖတ်ကြားရှင်းလင်းခဲ့သည်။
ယင်းနောက်အသင်းသား( ၁၁၄၉)ဦးအတွက်အစုနှင့်စုဆောင်းချီးမြှင့်ငွေ ( ၉၁.၉၂) ကျပ်သိန်းနှင့် ( ၃၀.၉.၂၀၂၁ )ရက်နေ့အထိစုဆောင်းငွေကျပ်သိန်း(၁၁၄၉၆၄၆၅၀) အပေါ်စုဆောင်းငွေအပေါ်အတိုး ( ၁၅၀. ၂၈) ကျပ်သိန်းကိုထုတ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ဝန်ထမ်းအင်အားငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌနှင့်အမှု့ဆောင်အဖွဲ့များဖိတ်ကြားထားသည့်အသင်းသားများတက်ရောက်ခဲ့ကြောင်းသိရသည်။
ဝေယံ